အချစ် ကတိ - J Ki Feat ကေကေ သုန္ဒရီ


Download Link ကို နှိပ်လိုက်လို့ Ad Fly ကိုရောက်သွားရင် 
5 Second စောင့် Skip Ad ကို နှိပ် ပြီးရင် 
Open With မှာ Chrome Browser or နှစ်သက်ရာ Browser ကိုရွေးပြီး ဖွင့်လိုက်ပါ ဗျ

Download @ Mediafire

Download @ Zippyshare

Watch @ Youtube 

J Ki Facebook Account - https://web.facebook.com/JayKi.Twister

Kay Kay Thone Dary Facebook Account - https://web.facebook.com/thonedary.vocalist

အချစ် ကတိ - J Ki Feat ကေကေ သုန္ဒရီ
Studio - Solo Music Production (Double Nyi)
Mixing - Lu Khitt

သီချင်းစာသား

ငါယုံကြည်ထားတယ်ဟေ့
အော်ကြင်နာသူရယ် တွဲလက်တွေမြဲစေရမယ်ဟေ့
တို့နှစ်ယောက်ရဲ့အချစ်က ဘယ်သူတွေဖျက်လဲ
Cuz I'm loving you
Cuz I'm loving you
ဘယ်တော့မှဖျက်လို့မပျက်မဲ့ အချစ်မျိုး

ငါယုံကြည်လို့ထားမယ်
ကတိသစ္စာ မင်းဘက်ကလဲ မပျက်ဖို့ကိုလေ
ငါလွမ်းနေတိုင်း ဖုန်းလေးတော့ဆက်ပါ
ချစ်တဲ့သူရေ
စိတ်ပူတတ်လို့ပါ
တို့က မတွေ့ရတဲ့အချိန်နာရီတိုင်းလဲ
မင်းကိုပဲ သတိရစွာ မျှော်နေမိလို့

နင်ဘာတွေများလုပ်နေမလဲ
မိုးလင်းစကထဲက တွေးမိနေလို့
နင်ရော ငါအကြောင်းများ မိုးလင်းထဲက
စပြီး စဉ်းစားမလား
မင်းကလွဲပြီးနောက်ထပ်ငါမရှိပါ
ဒီရင်ဟာဘ၀တစ်ခုလုံးအတွက်
နင်သာအပိုင်ယူ
ပေးအပ်လို့ထားတယ်
-
Rap 1
ဒီလိုတို့နှစ်ယောက်ချစ်သူတွေ ကြင်နာစွာနဲ့အနားမှာ ကွယ်
ရှိကြတဲ့အခိုက်အတန့်လေး ထာဝစဉ် တည်မြဲသွားကာရယ်
လက်တွဲမဖြုတ်ဖို့အတွက်တော့ ဘုရားမှာဦးချဆုတောင်း
24 / 7 မနက်ကနေ ညထိပေါ့ စဉ်းစားနေတာ သူ့အကြောင်း

ယူ ငါ့ဘ၀ကြီးတစ်ခုလုံးပေးတယ် အပြီးအပိုင် နင်နော်
ဆိုတေးပြောသလိုမျိုးဆို ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပေါ့
ကျန်တာတွေက အရေးမကြီးဘူး
မင်းတစ်ယောက်ကိုသာ တွေးမိသူ
that's right baby you're my angel so I need you

စိတ်ကူးယဉ်ထားတယ့်အတိုင်းပဲ Facebook မှာ Realtion ချိတ်တယ်
၁နှစ်ပြည့် Aniversary ချောင်းသာ ငပလီ အဝေးကြီး လိမ့်မယ်
သိပ်ကြွယ် မင်းကလွဲပြီး ဘယ်မှမချစ်နိုင်စိတ်ထဲ
အရင်တုန်းရည်းစားဟောင်းတွေ ထားဖူးခဲ့သမျှ အားလုံး Fake ပဲ

Sorry ဒီသီချင်းကို Ex တွေ နားထောင်ပြန်ကြား
သွားရင် စိတ်တော့မကောင်းပါ ဒါက ငါ့ရင်ထဲက အမှန်တရား
ငါ့မှာ ရှိသမျှ သစ္စာ မေတ္တာ အားလုံး ပေးထားပြီးပြီ
မင်းနား ရှိမည် ဒီတစ်ဘ၀လုံးစာအတွက်  စိတ်ချ Baby

Cho

Rap 2

ဟုတ်တယ် နင့်ကိုလွမ်းတဲ့အကြောင်းတွေကို Status တင်မယ်
ကိုယ့်ချစ်သူတစ်ယောက်ကတော့ချစ်မှာပဲ ဂရုမစိုက် ပေါ်ပင်လို့ထင်လဲ
Wall တစ်ခုလုံး ပလူပျံသွားမိလို့ အမြင်ကပ်နေရင် Hide ထားကြ
ချစ်သူ Photo တွေအောက်မှာ ၀င်ကြောင်နေတဲ့ကောင်က Fighter လား?

ဆိုင်တာမဆိုင်တာတော့ မသိ ချစ်သူအတွက်တော့ အတ္တကြီးတယ်
အချစ်ဖက်သာ ရေလိုအေးမြမယ် ကြာကူလီတွေ ဖက်တော့ မီးပဲ
သူ့Account ထဲက လာကြောင်တဲ့ကောင်တွေကို မြင်ရတာ Feel ကျဲ
လိုအပ်ရင် တန်းစီ Block ပလိုက်တယ် မျက်စိ ရှုပ်တယ် မထိနဲ့

ငါ့အတွက်တော့ စိတ်ချချစ်သူ မင်းကလွဲပြီးတော့ ဘယ်သူမှမရှိဘူး
မင်းရှိရင် အားလုံးပြည့်စုံပြီ ဒီတစ်ခုကို မင်းလဲအသိအခု
မင်္ဂလာဆောင်ဖို့အတွက်မင်း Traders Sedona ကြိုက်တာရွေးထား
Honey Moon ဖူးကတ် က ကလေးကလား လကမ္ဘာလောက်ဆို နဲနဲ ဝေးမလား ?

ကြိုတွေးထား တစ်ဘ၀လုံးစာ အတွက် ဖြည့်ဆည်းပေးမယ် Baby
Cuz I went crazy for you. You're my only Special Lady
ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်း မင်းရဲ့အကြောင်းပဲ စိုးမိုးနေသည်
I gave my heart and soul to you so just don't play it maybe


Cho

Bridge
အသက်ထက်ပိုပြီး ငါလေချစ်မိတယ်
ချစ်မိတာ နင်သိလား ?
နင်သာ မပြောင်းလဲပဲ အနားနားမှာ ရှိပေးပါ
ငါတို့တွေ ရှေ့ဆက် ဒီလိုဒီပုံစံတိုင်း ပဲ နော်ကွယ်
တစ်သက်လုံးစာ ချစ်ဖို့
အိုရည်ရွယ်လို့ထား

ငါယုံကြည်လို့ထားမယ်
ကတိသစ္စာ မင်းဘက်ကလဲ မပျက်ဖို့ကိုလေ
ငါလွမ်းနေတိုင်း ဖုန်းလေးတော့ဆက်ပါ
ချစ်တဲ့သူရေ
စိတ်ပူတတ်လို့ပါ
တို့က မတွေ့ရတဲ့အချိန်နာရီတိုင်းလဲ
မင်းကိုပဲ သတိရစွာ မျှော်နေမိလို့

နင်ဘာတွေများလုပ်နေမလဲ
မိုးလင်းစကထဲက တွေးမိနေလို့
နင်ရော ငါအကြောင်းများ မိုးလင်းထဲက
စပြီး စဉ်းစားမလား
မင်းကလွဲပြီးနောက်ထပ်ငါမရှိပါ
ဒီရင်ဟာဘ၀တစ်ခုလုံးအတွက်
နင်သာအပိုင်ယူ
ပေးအပ်လို့ထားတယ်

End Cho

Next PostNewer Post Previous PostOlder Post Home

0 comments:

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...