သူငယ်ချင်းများ... သို့ - Thar Thar [New Album Release]


'မောင့်ချစ်သူ' ဆိုတဲ့ မြန်မာဆန်ဆန် အချစ်သီချင်းနုနုလေးနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ သားသား ရဲ့ တတိယမြောက် Solo Album သစ် 'သူငယ်ချင်းများ... သို့' ဆိုတဲ့ Audio CD ခွေဟာ လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ (စနေနေ့) မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်

သားသား ဟာ ဒီ 'သူငယ်ချင်းများ... သို့' ဆိုတဲ့ Audio Album အတွက် Promotion ပွဲလုပ်ဖြစ်မှာ မဟုတ်ပေမယ့် အမြို့မြို့အနယ်နယ်မှာရှိတဲ့ ခွေအရောင်းဆိုင်များနဲ့ Myanmar Music Store မှာ ဝယ်ယူနားဆင်နိုင်မှာ ဖြစ်ပါတယ်

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ Music Video တစ်ပုဒ်ကိုလည်း လွှင့်တင်သွားမယ်လို့ သိရပြီး Myanmar Hip Hop Channel ရဲ့ Facebook Page နဲ့ YouTube Channel တို့မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်

0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..