Lin Bin Beatz presents Vol-1 - Lin Bin Hein [New Album Release]


Myanmar Hip Hop Association (MHA) ဆိုတာ Hip Hop ပရိသတ်တွေရော Hip Hop ပရိသတ်မဟုတ်တဲ့သူတွေရော လူငယ်ဂီတပရိသတ်တွေတိုင်း မသိရင်တောင် ကြားဖူးနေကြတာပါပဲ



အခုတော့ MHA အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်၊ တခြား MHA အဖွဲ့ဝင်တွေကိုလည်း ပင်တိုင် Beat တွေ တီးပေးခဲ့တဲ့ Lin Bin Hein က Album တစ်ချပ်ကို ကိုယ်တိုင်စီစဉ်ပြီး ဖြန့်ချိတော့မှာ ဖြစ်ပါတယ်

ဒီ Album Title ကိုတော့ 'Lin Bin Beatz presents Vol-1' လို့ ပေးထားပြီး ခွေထဲမှာပါတဲ့ သီချင်းအားလုံးကို Lin Bin Hein က တစ်ယောက်တည်းပင်တိုင် တီးထားတာပါ အဆိုတော်တွေအနေနဲ့ကတော့ Lin Bin Hein အပြင် MHA က အဆိုတော်အုပ်လိုက်ကြီးက အားဖြည့်ပါဝင်သီဆိုထားတာဖြစ်ပါတယ်

Album Promotion ကိုတော့ Myanmar Plaza မှာ မနက်ဖြန် ၁၃ရက် ဖေဖော်ဝါရီ ၂၀၁၈ (အင်္ဂါနေ့ ၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ညနေ ၄နာရီမှာ ကျင်းပသွားမှာဖြစ်တဲ့အတွက် Hip Hop ပရိသတ်ကြီးက MHA Rappers တွေနဲ့ သွားရောက်တွေ့ဆုံနိုင်ပါကြောင်း

0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..