Hero - Zay Ye [New Album Release]


"မာနတွေ တစ်ထစ်လောက်ကို လျှော့ပေး Ice Cream ငါဟာ မင်းအတွက်ပါ Ice Cream" ဆိုတဲ့ သီချင်းစာသားလေးကိုတော့ အသည်းစွဲနေအောင် ကြိုက်ခဲ့ကြဖူးတယ် ဟုတ်?

မနက်ဖြန်ဆိုရင် Ice Cream - Zay Ye ရဲ့ Solo Album 'Hero' ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်

အရင် Album တွေနဲ့ မတူဘဲ ဒီ Album ထဲမှာ အမျိုးသမီးအဆိုတော်နှစ်ယောက်ဖြစ်တဲ့ ထွန်းရတီနဲ့ ဂေဂေးတို့သာ ပါဝင်အားဖြည့်ထားပြီး မြန်မာပြည်ရဲ့ အမိုက်စား DJ (Producer) တစ်ယောက်ဖြစ်တဲ့ S-Logic ကလည်း ဂီတပိုင်းဆိုင်ရာ Featuring အဖြစ်နဲ့ ပါဝင်ထားတာဖြစ်ပါတယ်

Album Promotion ကိုတော့ Myanmar Plaza Outdoor Area မှာ မနက်ဖြန် ၁၃ရက် ဖေဖော်ဝါရီ ၂၀၁၈ (အင်္ဂါနေ့ ၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) မှာ ကျင်းပသွားမှာဖြစ်ပြီး Zay Ye နဲ့ သူငယ်ချင်းတွေက အမှတ်တရလက်မှတ်ရေးထိုးဖျော်ဖြေသွားမှာ ဖြစ်ပါတယ်


0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..