ဆင်းရဲပါတယ် - Ice Cold (ft - Nant Chit Nadi Zaw)


Title - ဆင်းရဲပါတယ် 

Artist - Ice Cold
Feat - Nant Chit Nadi Zaw
Music - Ko Zay
Mixing - Ko Thant Zin
Photography - Ae' Lay
Download with MediaFire
Download with Google Drive


Lyrics
Verse: ဒီအသပြာတွေကြောင့် ကွဲခဲ့တယ့်အသည်းတွေ ဘယ်လောက်တောင် များလို့နေပြီလဲ
ဒီဂုဏ်အရှိန်အဝါတွေ အောက် နင့်နှလုံးသား ဒူးထောက်ဦးညွှတ်လိုက်တယ် ဆိုပေမယ့်
ငါလည်းလူဘဲ အရမ်းချစ်ခဲ့ကြတာချင်းအတူတူ နင့်တစ်ယောက်ထဲ ကြေကွဲ ငါငွေသိပ်မက်တယ် နင်ပြောကာလှည့်ထွက်ပြီးရင် ချူံးပွဲချငိုမယ်
Rap 1: နင်အခုမှမာန်တက်ပြီးထန် ငါ့ရင်ကိုကန်ထွက်ပြီး ပျံစိတ်ကူးနဲ့လေထဲဆောက်ခဲ့တယ့်တိုက်အိမ်တစ်လုံးကိုသံလက်သီးမှန်တစ်စစီကွဲကြေမျှော်လင့်ချက်အားလုံးပြန်ပျက်စီးပြန်တစ်ချိန်ကနင်ကငါထွန်ယက်စိုက်ပျိုးခဲ့တယ့်ခြံထွက်သီးနှံ…အခုတော့ဝေးကွာသွားတာမေတ္တာနည်းလို့ဖြစ်တာလား…သစ္စာမဲ့လို့ဖြစ်မှာပါ…အချစ်ကမ္ဘာမဲလို့ညစ်ကာသွားခဲ့မသိဘူးနင့်အချစ်ကစိတ်ကူးယဉ်operaဆန်တစ်ခါတစ်လေမှာနားလည်ရခက်တယ့်သင်္ချာပုစ္ဆာLogarithmအချစ်တစ်ခုကွဲပျက်လို့သွားတယ်ပြန်ဆက်ဖို့ကော်အခါခါသုတ်အသက်သွင်းလို့မှော်ဂါထာစုတ်ပြီးတော့အတိတ်ကိုလျှော်ကာခါထုတ်လက်ရှိဘ၀ထဲမှာနေတတ်ဖို့ပျော်စရာရှာထုတ်ငါFullStopချခဲ့တယ့်sentenceကိုနင်ပြန်ပြီးကော်မာလာကုတ်မလုတ်နဲ့ပင်ပန်းအားကြီးငါ့ကိုနင်ဖမ်းစားပြီးဘယ်လိုမှပေါင်းဖတ်လို့မဖြစ်နိုင်အောင်အဆင့်အတန်းခြားပြီး နင်ကချမ်းသာကြွယ်ဝမှုတွေဆင်မြန်းထားသည့် သူဌေးသမီးတစ်ယောက်ဆိုငါက အစိုးရ၀န်ထမ်းသားသမီး။
Cho: နင်မျက်နှာလွှဲ ထွက်သွားတော့လည်း ငါ ခြေစုံရပ်ကျန်ခဲ့မယ် ငါမျက်ရည်ဝဲ ရုံက ဘာတတ် နိုင်မလဲ
အဝေးမှာ ပျော်ပါတော့ကွယ် ကိုယ်ချင်းမစာတတ် သူလို့ အထင်လွဲ သွားတယ့်အခါ ဖြေရှင်းဖို့ စကားလုံးတွေမဲ့ ငါအပျော်တွဲကာ နင့်အသည်းခွဲတယ်လို့သာ စွပ်စွဲ... မုန်းလိုက်ပါတော့ကွယ်
Rap 2: အနားမှာနေကြည့်ပါလို့ နင့်အတွက်ဆိုရွှေမရှိတာတို့ သုံးစရာငွေမရှိတာတို့ဘေးချိတ်ပြီးဖြည့်စည်းမှာဗျို့ နင့်ဘ၀ကိုနေထိမှာဆိုး ငါ့ဘ၀ကိုမြေကြီးမှာထိုးပြီးနင့်ကိုရွှေထီးကာမိုး ပြီး အဲ့သလိုဖြည့်စည်းမှာဗျို့….အခုတော့မှားပြီ (မှားပြီ)ရင်ခွဲလို့ငါ့ကိုဆားနဲ့သိပ်ပြန်တရားမဲ့စိတ်သထန်အန်တီတို့သမီးကသားနဲ့သိပ်မတန်အစကယုန်သူငယ့်နောက်ပိုင်းကျနင်ကသားရဲတိရိစ္ဆာန်ငါကနွားပါနင်စီးဖို့အတွက်ဆို နွားလှည်းအချိတ်ခံ လုပ်ပါ နင်လုပ်မှကျုပ်မှာမျက်နှာငယ် နွားခြေရာခွက်ထဲကရေကိုကြည်နူးပြီးငါ့မှာ သမုဒ္ဒရာမှတ်ပါတယ်(နင်က)ဥစ္စာမက်တာရယ် နောက်ပြီး ယုတ်မာတတ်လာတယ် နင်ငါ့အပေါ်မညှာမတာဘဲပြောဖို့အတွက်ဆိုရင်နှုတ်လျှာသွက်ပါတယ် တော်ပါတော့ ထွေးပြီးသားသလိပ်ကိုပြန်မစား အတိတ်ကိုပြန်မသွားကြိတ်ငိုခံစားတယ့်စိတ်ကိုဟန့်တားသံသယ၀င်အရင်လိုနေ့ရက်များပြန်မရရင်…နင့်အသိုင်းအ၀ိုင်းရဲ့ အဆုံးဖြတ်စကားများ ငါ့နားထဲမခံနိုင်ရင်ကွဲပြီးတော့ နှလုံးရပ်သွားမလားအခုဆိုငါ့ရဲ့ သုံးထပ်သားပြား ကာထားတယ့်အခန်းလေးထဲကနေ ရုန်းထွက်သွားတာ သေချာနေပါပြီသေချာနေပါပြီ နင်သတိရလို့ငါ့ဆီကိုတစ်ခါတစ်လေဖုန်းဆက်ထားသလား စောင့်မျှော်ရင်း စောင့်မျှော်နေရင်းနဲ့ဘဲ….ဆင်းရဲပါတယ် ဆင်းရဲပါတယ် ငါလိုလူဟာနင့်အတွက် လက်တွဲဖော်မဖြစ်နိုင် ဆင်းရဲပါတယ်…ဆင်းရဲပါတယ်…ဒီဂုဏ်ရှိန်ဝါတွေကြောင့်တို့တွေဝေးနေရအုံးမယ် ဆင်းရဲပါတယ် ငါကနင်လိုချင်တာများမပေးနိုင်တယ့်ဘ၀မှာ ဆင်းရဲပါတယ် မညှင်းဆဲပါနဲ့….
Cho: နင်မျက်နှာလွှဲ ထွက်သွားတော့လည်း ငါ ခြေစုံရပ်ကျန်ခဲ့မယ် ငါမျက်ရည်ဝဲ ရုံက ဘာတတ် နိုင်မလဲ
အဝေးမှာ ပျော်ပါတော့ကွယ် ကိုယ်ချင်းမစာတတ် သူလို့ အထင်လွဲ သွားတယ့်အခါ ဖြေရှင်းဖို့ စကားလုံးတွေမဲ့ ငါအပျော်တွဲကာ နင့်အသည်းခွဲတယ်လို့သာ စွပ်စွဲ... မုန်းလိုက်ပါတော့ကွယ်

0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..