သစ်စိမ်းချိုး - J Ki Feat Poe Phyu Thae


Download Link 1 @ Mediafire

Download Link 2 @ Zippyshare

Watch @ Youtube 

Lyrics

တစ်ချိန်က ကျွန်တော့်ကိုသိပ်ချစ်တယ်လို့ပြောခဲ့ဖူးတဲ့ ချစ်သူတစ်ယောက်ရှိတယ်
ဒါပေမဲ့ သူ့ရဲ့စကားလုံးတိုင်းက ကျွန်တော့်အတွက်တော့နောက်ဆုံးမှာ
အလိမ်အညာတွေကြီးပဲဖြစ်ခဲ့ရတယ်ဗျာ
အရမ်းချစ်ရင် အရမ်းခံစားရတယ်တဲ့
ဒါကြောင့် ဘယ်တော့မှအရမ်းမချစ်ကြပါနဲ့

Intro
တစ်ချိန်မှာ ပြန်တွေ့ခဲ့ရင်
ဖြစ်ပျက်ခဲ့ပြီးသားတွေအကုန်မေ့လိုက်
တကယ်ပါနင်မချစ်ခဲ့လို့
သစ်စိမ်းချိုးနင်ချိုးခဲ့တာနင်သိလိုက်
ဘယ်လိုမှမဆုံဆည်းနိုင်ဘူး
ပြတ်သွားတဲ့ ကြိုးတစ်ခုဟာပြန်မဆက်တော့
တစ်ချိန်ချိန်တော့ နင်စာနာမယ်
အချစ်စစ်ရဲ့ ၀ဋ်ကြွေးများ

Rap 1
အချစ်စစ်ရဲ့ ပိုင်ဆိုင်မှု
မင်းတစ်ယောက်ရဲ့ Apostrophe
အရာအားလုံးကိုပေးအပ်ခဲ့တော့မှ
မင်းငါ့ကို အပျော်ကြံပြီး
မင်းတစ်ယောက်ကိုပဲ ချစ်ချင်ခဲ့တာ
မင်းလုပ်သမျှအပြစ်မတင်ခဲ့ပါ
အစကထဲက သစ်ပင်ပဲ ငါ နင်နားဖို့အတွက်ဖြစ်ရင်လဲဟာ

ငါတို့ ငါတို့ တစ်ချိန်မှာပေါင်းဖို့
ဘယ်လိုမှ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး

အသိစိတ်တွေ ကင်းမဲ့သွားပြီတော့ ငါ့ဘ၀ကြီးတစ်ခုလုံးအမှောင်ထုမှာကျသလို
ကတိအထပ်ထပ်ပေးခဲ့တဲ့ နင့်ရဲ့ စကားလုံးတိုင်းမှာ အယောင်အတုတွေကများလို့
ဘာကြောင့်လဲ အခုနင်ပြော မိဘကြောင့်လို့ပြော
အသိုင်းဝိုင်းနဲ့လူမျိုးမတူလို့ဆိုတဲ့ အကြောင်းပြချက်ကိုပါ ထပ်ပြော

အားလုံးက ဆင်ခြေတွေ
မချစ်တော့တဲ့ အဖြေတွေလေ
နင်ငါ့ကိုမညာနဲ့တော့
နင်ဖြစ်ချင်တာက ဘာလဲပြော ???? !!!

Cho
တစ်ချိန်မှာ ပြန်တွေ့ခဲ့ရင်
ဖြစ်ပျက်ခဲ့ပြီးသားတွေအကုန်မေ့လိုက်
တကယ်ပါနင်မချစ်ခဲ့လို့
သစ်စိမ်းချိုးနင်ချိုးခဲ့တာနင်သိလိုက်
ဘယ်လိုမှမဆုံဆည်းနိုင်ဘူး
ပြတ်သွားတဲ့ ကြိုးတစ်ခုဟာပြန်မဆက်တော့
တစ်ချိန်ချိန်တော့ နင်စာနာမယ်
အချစ်စစ်ရဲ့ ၀ဋ်ကြွေးများ

Rap 2

For all this time I've been loving you
ငါမင်းအပေါ်မှာ ချစ်နေခဲ့သလောက် မင်းငါ့အပေါ် ပြန်မချစ်ဘူး
အသက်တွေကြီးလာပြီး အဖိုးတွေအဖွားတွေဖြစ်လာတဲ့အထိ ငါတို့ခိုင်မြဲ
နေမယ်ထင်ခဲ့မိတဲ့ ငါ့တစ်ယောက်ထဲမှာသာ အခုတော့ စောက်ရူး ဖြစ်ခဲ့နိုင်တယ်

နင်ထွက်မသွား ဖို့အတွက်ကို ဒူးထောက်မတတ်ငါတောင်းပန်ခဲ့တာ
နောက်ပြန်လှည့်မလားလို့မျှော်မှ ငါ့ဆောင့်မကန်နဲ့ဟ
အောင့်ခံခဲ့ပါတယ်လူ တွေမသိအောင် ဟန်ဆောင် လျှောက်ပြောပြီးနေပြ
Facebook ပေါ်တက်ပြီး Feel လဲ လူတွေက ငါစောက်ပေါပဲထင်မှာ

နင်ကိုယ်တိုင်တောင်းတဲ့ ကတိကိုနင်ပဲ ဖျက် အကျည်းတန်ခဲ့တာ
လက်ရှိတွဲနေတဲ့ကောင်က ငါ့လောက်နင့်အပေါ်မှာ သည်းခံရဲ့လား
မီးလျှံထဲမှာ နေရသလိုပဲ ငါ့စိတ်ထဲမှာပူလောင်နေတယ်
အခန်းတံခါးပိတ်ပြီး Aircon နံပါတ်အဆုံးတင် အိပ်ပျော်ဖို့ကိုဆုတောင်းနေဆဲ

ခရီးတွေထွက်မယ် အတူတူ ပုဂံပုပ္ပါးနဲ့ ချောင်းသာဆို ?
မင်းပြောခဲ့တဲ့စကားတွေပြန်ပြီးကြားယောင်တိုင်းမှာ အခုငါကြောက်လာလို့
တစ်ချိန်က မင်းပေးတဲ့ Teddy Bear ရုပ်တွေလဲ မီးပုံပြီးတော့ ရှို့လိုက်ပြီ
တကယ်တန်းတော့ ယုံမိလို့ မှားတာငါပဲ နင်တစ်သက်စာ ဒိုးလိုက်

Cho
တစ်ချိန်မှာ ပြန်တွေ့ခဲ့ရင်
ဖြစ်ပျက်ခဲ့ပြီးသားတွေအကုန်မေ့လိုက်
တကယ်ပါနင်မချစ်ခဲ့လို့
သစ်စိမ်းချိုးနင်ချိုးခဲ့တာနင်သိလိုက်
ဘယ်လိုမှမဆုံဆည်းနိုင်ဘူး
ပြတ်သွားတဲ့ ကြိုးတစ်ခုဟာပြန်မဆက်တော့
တစ်ချိန်ချိန်တော့ နင်စာနာမယ်
အချစ်စစ်ရဲ့ ၀ဋ်ကြွေးများ

No No No မင်းက အဆိပ်ဆူးတစ်ခုလိုပါ
No No မင်းကြောင့် ငါရူးနိုင်လို့
အတိတ်ကိုသာမေ့ပြီး မင်းနဲ့ ဖြစ်ခဲ့တာအားလုံးကို ငါတစ်ခန်းရပ်ချင်ပြီဟေ့

No No No မင်းက အဆိပ်ဆူးတစ်ခုလိုပါ
No No မင်းကြောင့် ငါရူးနိုင်လို့
အတိတ်ကိုသာမေ့လိုက် Baby Goodbye ဖြစ်ခဲ့တာအားလုံး အခုချိန်တစ်ခန်းရပ်

Bridge
လွမ်းလွန်းလို့တွေ့ချင်မိတယ်
အားလုံးမေ့ပစ်ပီးတော့အသစ်ပြန်စဖို့
မာနက ကြားခံနေတယ်
ဘယ်လိုဘယ်ပုံစံတွေ လိမ်ဦးမလဲ
တစ်ခေါက်နဲ့လုံလောက်ပါပြီ
အကြိမ်ကြိမ်ငါပြန်စဉ်းစား
ပြန်မလာပါနဲ့ ဒီနေရာမှာ နင်ချန်ခဲ့
တော်ပါပြီ အချစ်ရေ

Cho
တစ်ချိန်မှာ ပြန်တွေ့ခဲ့ရင်
ဖြစ်ပျက်ခဲ့ပြီးသားတွေအကုန်မေ့လိုက်
တကယ်ပါနင်မချစ်ခဲ့လို့
သစ်စိမ်းချိုးနင်ချိုးခဲ့တာနင်သိလိုက်
ဘယ်လိုမှမဆုံဆည်းနိုင်ဘူး
ပြတ်သွားတဲ့ ကြိုးတစ်ခုဟာပြန်မဆက်တော့
တစ်ချိန်ချိန်တော့ နင်စာနာမယ်
အချစ်စစ်ရဲ့ ၀ဋ်ကြွေးများ

No No No မင်းက အဆိပ်ဆူးတစ်ခုလိုပါ
No No မင်းကြောင့် ငါရူးနိုင်လို့
အတိတ်ကိုသာမေ့ပြီး မင်းနဲ့ ဖြစ်ခဲ့တာအားလုံးကို ငါတစ်ခန်းရပ်ချင်ပြီဟေ့

No No No မင်းက အဆိပ်ဆူးတစ်ခုလိုပါ
No No မင်းကြောင့် ငါရူးနိုင်လို့
အတိတ်ကိုသာမေ့လိုက် Baby Goodbye ဖြစ်ခဲ့တာအားလုံး အခုချိန်တစ်ခန်းရပ်

Next PostNewer Post Previous PostOlder Post Home

0 comments:

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...