ခွက်စောင်းခုတ်ချက် - G-Fatt, Ice Gold


Title - ခွက်စောင်းခုတ်ချက်
Artists - G-Fatt, Ice Cold
Feat - Carelux
Mixing - Ko Thant Zin
Download with Mediafire


Lyrics :
(Rap 1)တစ်နှစ်လုံးငါ ငွေမသုံးမဖြုံးဘဲ ဆုထားတယ့် မုန့်ဖိုးနဲ့ Steel ပြွတ်ဝယ်ပြီး တစ်နေ့လုံးအမုန်းကဲမယ် ဟိုဘက်ရပ်ကွက်ကကောင်တွေကို သွားချေမှုန်းအုံးမယ် ဆိုပြီး လွယ်အိတ်ထဲ ပိုက်နဲ့သွယ်ရေပုံးတစ်ပုံးထည့်
လမ်းထိပ်ကအုန်းလက် မဏ္ဍပ်မှာ ဖွင့်တယ့် သီချင်းတွေ အပြန်စားလေကွာ တစ်ရပ်ကွက်လုံး ကဲချက်က ယောဂီနဲ့ ဥပုလ်သယ်တွေတောင် ဆလံသနေရ ငမူးတွေ ထန်ပါးကြွေသွားမယ့် စတိုင်နဲ့ ကလန်ကလားတွေက သေမှာ မကြောက်တတ် လမ်းပေါ်ရပ် သင်္ကြန်ကားတွေတား ကဲရပ်ပေး ဟေ့ရပ်ပေး မရပ်ပေးရင် ထိုးမယ့် အထာဟေ့ ရေခဲတုံးချုပ်ပြီး ထည့်တော့ ကားဒရိုင်ဘာ ပုဆိုးထဲပါအေး
ကံဆိုးပြီး ငါတို့ရပ်ကွက်ထဲက ဇိုးနဲ့လာတွေ့ တစ်ကားလုံးကို အိုးမည်းစာကျွေးလိမ့်မယ် မင်းတို့ တစ်ချိုးတည်းသာပြေး။
(Cho)ခွက်စောင်းခုတ်ချက် ခွက်စောင်းခုတ်ချက်
ခွက်စောင်းခုတ်မှာကြောက်လို့ သဘတ်ခေါင်းအုပ်လျက်
ခွက်စောင်းခုတ်ချက် ခွက်စောင်းခုတ်ချက်
ခွက်စောင်းခုတ်က လက်မောင်းပြုတ်မတတ်
ခွက်စုပ် လေးနဲ့ ပတ်တယ် ဆိုပြီး ခိုးရီတတ်တယ့်မင်း
ခွက်စုပ်လေးနဲ့ပတ်တယ်ဆိုပြီး ခိုးရီတတ်တယ့်မင်း 
ခိုးရီတတ်တယ့်မင်းကို နို့စီခွက်နဲ့ဗျင်း
၂၀၁၇ သင်္ကြန် အတွက်ငါတို့သီစပ်တယ့်သီချင်း
(Rap 2 )နှစ်ဟောင်းက ညံ့ဖျင်းတယ့် အရာတွေကို သန့်ရှင်းမယ့် အတာရေ ပျော်ကျရွှင်ကြမယ်ဟေ့ သင်္ကြန်တွင်းဘဲ တစ်ခါတစ်လေ ရေသေနတ်ကိုင်ကာဆွဲ လက်ကိုင်ပုဝါအမဲ နဖူးမှာစည်းပြီး သင်္ကြန်ကားပေါ် တက်ထိုင်ကာကဲ(yeah!)
အသည်းလေးအိမ်ကနေခိုး ထွက်ခဲ့ပါလား မင်းမရှိရင်သင်္ကြန်မှာ တစ်ယောက်ထဲ ဘတ်ပဲ့မှာဟ
မောင်း မရပ်နဲ့ဆရာသမား တစ်မြို့လုံး ပတ်လှည့်ကာသွား
မန်းဒတ်ရှေ့ရောက်ရင် ရင်ခွင်ထဲထည့် သဘတ်နဲ့ကာထား
သောက်လက်စပုလင်းလက်ကျန်တစ်ဝတ်ဘယ်သူ့စီမှာလဲ
နေ့လည်ထမင်းစားနားချိန်ရောက်ရင်စတုဒီသာဆွဲ
ဒီသင်္ကြန်ရေကစားမန်းဒတ်ကလှမ်းပတ်တာ အီစလန်ဝေသွား အရမ်းစပ် ကြမ်းချက်ကွာ။
(Cho)ခွက်စောင်းခုတ်ချက် ခွက်စောင်းခုတ်ချက်
ခွက်စောင်းခုတ်မှာကြောက်လို့ သဘတ်ခေါင်းအုပ်လျက်
ခွက်စောင်းခုတ်ချက် ခွက်စောင်းခုတ်ချက်
ခွက်စောင်းခုတ်က လက်မောင်းပြုတ်မတတ်
ခွက်စုပ် လေးနဲ့ ပတ်တယ် ဆိုပြီး ခိုးရီတတ်တယ့်မင်း
ခွက်စုပ်လေးနဲ့ပတ်တယ်ဆိုပြီး ခိုးရီတတ်တယ့်မင်း 
ခိုးရီတတ်တယ့်မင်းကို နို့စီခွက်နဲ့ဗျင်း
၂၀၁၇ သင်္ကြန် အတွက်ငါတို့သီစပ်တယ့်သီချင်း
(Bridge) လူကြီးတွေက တရားစခန်းထဲမှာ
သူတို့ကသံတစ်လမ်းငါတို့ကပြဒါးတစ်လမ်းဘဲကွာ
သင်္ကြန်တစ်တွင်းလုံး မနားစတမ်းကဲမှာ
နေပူလည်း ဂရုမစိုက်တော့ အသားအရမ်းမဲပြာ
မုန့်လုံးရေပေါ်ဝေမယ် တအားရင်းနှီးသူများ
ထန်းလျက်နေမှာငရုတ်သီးအစားသွင်းပြီးလှုမလား
ထိုကုသိုလ်ကြောင့် အသားဝင်းပြီးဖြူရ ပါစေဆုတောင်း လိုက်တော့ သကြားမင်းကြီးဘူသွား။

1 comment:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..