ဘား ၄၀ - ဇွဲသက်ပိုင် (Legendary)


Title - ဘား ၄၀
Artist - Zwe Thet Paing (Legendary)
Music - RZA



Download with Mediafire

Lyric;
Mic , Mic , Microphone ငါ့လက်ထဲမှာ အမြဲအသင့်ရှိတယ်..
တစ်သက်တာလေ့လာခဲ့တဲ့ Knowledge တွေကို Rhyme တွေအဖြစ် နဲ့
ဆွဲသွင်းပြီးကြွယ် .. စောက်မြင်ကပ်တဲ့လူတွေ အနည်းအကျဉ်းရှိမယ်
အဲ့လို Hater တွေအတွက် Punchline တစ်ကြောင်းထဲနဲ့ ပွဲချင်းပြီးတယ်

ကဲမင်း ပရိယာယ်တွေလည်း ထုတ်ရပြန်
Rapper တွေ ၀ိုင်းပြီးဆဲလို့ စင်ပေါ်ကပြုတ်မကျရန်
HipHop သမိုင်းမှာတော့ မင်းသီချင်းတွေ လုပ်သမျှ မကျန်
အခုလိုထုတ်ပြတဲ့ Rap တွေက ကျုပ်ဘ၀အမှန်

၉ နှစ်လောက် ဒုက္ခခံ အောက်သက်ကြေမှ တက်လာတဲ့ငါ
ပရိသတ်ရှေ့တစ်ချို့က မျက်ရည်ကျပြီး ဇာတ်နာမယ့်အထာ
အဲ့လို အဆိုတော်တွေအစား ရှက်စရာပဲကွာ .. Rap မဆိုခင်
မိတ်ကပ်လိမ်းတဲ့စောက်ခွက်တွေကို ဓါးနဲ့လှီးပြီးဖြတ်ခွာခဲ့ပါ

မထပ်ပါ အမြဲ ကာရန်အသစ်တွေချိတ်တာ မသက်သာတဲ့အရာ
ထုတ်လုပ်သူကြီးများက MC အသစ်တွေ ပတ်ရှာဆဲပါ
ဒါပေမယ့် အမိုက်စား HipHop တွေ ထွက်မလာခဲ့တာ သိတယ်
နည်းနည်းတော့ ခက်မှာပဲ ကောက်ရိုးပုံထဲ အပ်ရှာတဲ့အခါ

တစ်သက်စာလွဲလာလည်း ဆရာအထာနဲ့ အမြဲလာရှိုး
လုပ်ကြပေါ့ ခင်ဗျားတို့ အသံ ကာလာကလည်း ဖြဲတာမို့
သုံးသမျှ Rhyme တွေက တစ်ခါလာလည်း မဲပြာပုဆိုး
ပရိသတ်တွေစိတ် နာတာလည်း မနည်းပါဗျို့

ကဲပါ ဒိုးတော့ အဝေးဆုံးကို အခုသုတ်
မင်းတို့က မြန်မာဂီတ လောကကြီးအတွက် ဆူးခလုတ်
Official အခွေတွေ လုထုတ် သီချင်းတိုင်း အနုဖြုတ်တဲ့
မင်းတို့တွေပဲ မစစ်မှန်တာ ငါတို့က အတုမဟုတ်

မု မု ရှုပ်ပါတယ်ကွာ ရေဘူးနဲ့ပေါက်
Rhyme တွေ မြူးတဲ့တစ်ခေါက်ကြောင့် မင်းတို့တွေ မတွေ့ဘူးပဲကြောက်တဲ့
ငါက MHA အတွက် စိတ်ဓါတ်နဲ့ အသေရူးခဲ့သလောက် မင်းကတော့
လက်ခုပ်သံတွေဆုံးရှုံးသွားလို့ မယ်ပဋ္ဌာ လို မြေလူးမယ့်တစ်ယောက်

ငါ ကာရန်တွေနဲ့ ဆက်ဖြေရှင်းမှာ ပွဲတော်တွေ လက်တွေ့ကျင်းပ
ပရိသတ် ရှေ့ အရှက်ပြေပြုံးဦး
အမြဲတမ်း မျက်ရည်အတင်းကျတဲ့ Rap တွေထွက်နေခြင်းက
ပြည်တွင်းစစ်တစ်ခုလိုပဲ တိုင်းပြည်အတွက် ကျက်သရေအတုံးဆုံး

ဆယ်ကျော်သက်တွေရဲ့  Attention ကို အမိအရဖွေရှာ
HipHop ကိုသစ္စာဖောက်မယ် ဒီဘက်ခေတ် ရည်းစားတွေအထာ
နာမည်ကြီးသွားတော့မှ စီးပွားတွေရှာ ဘာလို့လဲဖြေပါ
အဆိပ်ပင်တွေကို ရှင်သန်ကြီးထွားစေတာ

ငါလေးစားတဲ့သူတွေရဲ့  တွေးခေါ်ပုံမှန်တယ်
ဘုရင့်နောင် ဖောင်ဖျက်ထားတယ်ပဲ ကြွေးကြော်ရုံကျန်တယ်
Skill တစ်ကယ်မိုက်တဲ့ MC အသစ် တွေပါ ပြေးခေါ်ပုန်ကန်မယ်
အခုမှစမှာ မြန်မာ ဟစ်ဟော့ပ် အရေးတော်ပုံ အမှန်တစ်ကယ် !!!!


0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..