October 18 - ထက်ယံ (Upcoming Hip Hop Album)



မနက်ဖြန် အောက်တိုဘာ ၁၈ရက်နေ့မှာ No More Cry၊ Good Luck၊ Boyfriend No.2 စတဲ့သီချင်းတွေနဲ့ ပရိသတ်ရင်ထဲနေရာယူခဲ့တဲ့ 4 Member အဆိုတော် ထက်ယံရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ် "October 18" Audio Album ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်
ဒီခွေလေးကို October 18 လို့ နာမည်ပေးရခြင်းအကြောင်းကတော့
မနက်ဖြန် အောက်တိုဘာ ၁၈ ရက်ဟာ ထက်ယံရဲ့ မွေးနေ့ဖြစ်နေလို့ပါပဲ



ပထမအယ်လ်ဘမ်ဖြစ်တဲ့ "New" Album ထွက်ပြီး မကြာခင်မှာ ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ "October 18" Album ထွက်ရှိလာခဲ့ပေမယ့် သီချင်းပုံစံလေးတွေ အရသာလေးတွေကတော့ ကွဲပြားနေမှာပါတဲ့
ဒီAlbum ထဲမှာ featuring အဖြစ် Rapper တွေဖြစ်တဲ့ J-me, ကြက်ဖ, မောင်သီဟ၊ UG မှာကတည်းက ထက်ယံနဲ့လက်တွဲလုပ်ခဲ့တဲ့ ဥာဏ်ထက်၊ 4 members တွေဖြစ်တဲ့ Shwe Htoo နဲ့ Lil'z တို့အပြင် Rapper ပေါက်စမလေး ပြုံးမြသွယ်လည်း အားဖြည့်ထားပါတယ်။ ဒီခွေကတော့ Instrumental Hip Hop Sense ဘက်ကို ပိုသွားမယ်လို့ မျှော်လင့်ရပါတယ်


Promotion ပွဲကို လှည်းတန်းစင်တာမှာ ညနေ ၃နာရီကနေ ၆နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး ဒီအခွေထဲမှာပါတဲ့ အဆိုတော်တွေနဲ့ ထက်ယံရဲ့သူငယ်ချင်းတွေက လက်မှတ်ရေးထိုးဖျော်ဖြေသွားမှာပါ
ကဲ... မနက်ဖြန်မှာ လှည်းတန်းစင်တာကို အရောက်သွား "October 18" Original CD ကိုဝယ်ယူပြီး မွေးနေ့ရှင် အဆိုတော် ထက်ယံကို Birthday Wish လုပ်လိုက်ကြရအောင်ဗျာ...

0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..