စိတ်ကူးယဉ်စာအုပ် - Shwe Htoo ( သီချင်းစာသား )


စိတ်ကူး ယဉ် စာအုပ်

ရေး/ဆို-Shwe Htoo

ဒီစိတ်ကူးယဉ်စာအုပ်ထဲမှာ....ငါနင့်အပေါ်မျှော်လင့်ချက်တွေ အများကြီးထားတဲ့ အကြောင်းကို....သီချင်းလေးအဖြစ် ထည့်ရေးလိုက်တယ်.... ငါနင့်ကိုလုံးဝ စိတ်မဆိုးဘူးနော်....

အိပ်မပျော်ဘူး...မင်းစကားတွေကိုပြန်ကြားနေတယ်....ခံနိုင်ရည်ကုန်နေပြီ ငါ့နှလုံးသား....မမေ့ပါနဲ့ ၃ နှစ်တာဒီသံယောဇဉ်ကို....ပျော်ရွင်စရာတွေ အကုန်လေထဲလွင့်....

(မင်းကသိပ်တော်တယ် ငါအသည်းကွဲသွားပါတယ်.. နင်ငါ့အပေါ် အဆိပ်သုတ်နူတ်ခမ်းနဲ့ အချစ်တွေကိုပစ်...အမှားကြီးလုပ်လို့လားကွာ..မင်းဒီလောက်ပြတ်သားတာ....နေ့စွဲတွေပေါ့ပျက်ပျက်နဲ့ မလေးနက်တော့...)

(ငါအရင်လိုမပျော်ဘူး မင်းမရှိတော့ ငါတစ်ယောက်တည်း....သုံးမရလို့ပစ်ချထားခဲ့သလားလို့ ငါမေးလိုက်ချင်တယ်....ပုံပြင်လိုပဲ အခုထက်ထိကို ငါမယုံချင်ခဲ့....ညရောက်တိုင်းလန့်လန့်နိုးနေတယ်...မင်းလက်ကလေးထိလို့ ငါပြန်အိပ်ပါရစေကွယ်...မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...)

ငါလုံးဝဖျောက်ဖျက်မရနိုင် သေရာပါအလွမ်းတွေ...ဘယ်သူကနှစ်သိမ့်မှာလဲ...သူငယ်ချင်းများဝိုင်းဟားကြတော့ ငိုနေယုံပဲကွယ် ငါလမ်းပျောက်ခဲ့ပါပြီ...နင်ကလှည့်လို့တောင်မကြည့် ...

(အချစ်က ပျားရည်ဆိုငါ့အတွက့်တော့ ခါးသလို...ဝီစကီတစ်ခွက်လောက်လုံးဝသစ္စာမရှိဘူး... အတိတ်မေ့သွားရင်ကောင်းမယ် ရူးသွားရင်လဲကောင်းမယ်...ဟိုးအဝေးမှာ မင်းစွန့်ပစ်လိုက်တဲ့ အချစ်မျက်ကန်း...)

(ငါအရင်လိုမပျော်ဘူး မင်းမရှိတော့ ငါတစ်ယောက်တည်း....သုံးမရလို့ပစ်ချထားခဲ့သလားလို့ ငါမေးလိုက်ချင်တယ်....ပုံပြင်လိုပဲ အခုထက်ထိကို ငါမယုံချင်ခဲ့....ညရောက်တိုင်းလန့်လန့်နိုးနေတယ်...မင်းလက်ကလေးထိလို့ ငါပြန်အိပ်ပါရစေကွယ်...မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး....)

Download This Song Here <<
Next PostNewer Post Previous PostOlder Post Home

0 comments:

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...