Pages

Feb 18, 2013

သူ့ရဲ့တာဝန်မကျေခဲ့မှုနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ Ah boy

Myanmar Hip Hop Artists,Myanmar Hip Hop Interviews

ဂီတလောကမှာ ပျောက်ချက် သားကောင်းနေတဲ့ Rock Star အဖွဲ့က Ah boy က ဒုတိယတစ် ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေ ပြီဖြစ်ပါတယ်။ Ah boy ရဲ့ ပထမဆုံးထွက်ခဲ့တဲ့ “တရုတ်တန်း”တစ်ကိုယ်တော်အခွေက ထွက်ခဲ့ တာ ၆နှစ်လောက်ကြာခဲ့ပါပြီ။ ဒါကြောင့် အချိန်ကာလရဲ့ ပြောင်းလဲလာမှုအရ ဒုတိယတစ်ကိုယ်တော်အခွေကိုတော့ ပထမအခွေနဲ့ လုံးဝပုံစံချင်း တူတော့မှာ မဟုတ်ကြောင်းဗ့ ဘသပက ဆိုပါတယ်။ “သီချင်းကတော့ ၆ပုဒ်လောက် ပြီး သွားပြီ။ သီချင်းပုံစံတွေအကုန် ပြောင်းထားတယ်။ ဘာကြောင့်လည်း ဆိုတော့ “တရုတ်တန်း”အခွေကို ကျွန်တော်အား မရခဲ့ဘူး။
ကျွန်တော်ဂီတလောကထဲကို ၂ဝဝ၂ ခုနှစ်လောက်မှာ စဝင်ခဲ့တယ်။ ၂ဝဝ၇မှာအခွေထွက်တယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပြင်ဆင်ဖို့ အချိန် သိပ်မရလိုက်ဘူး။ ပြီးတော့ ကျွန်တော်တို့ စလုပ်တဲ့ အချိန်တုန်းကဆိုရင်လုပ်ရတာ၊ရှာဖွေရတာခက်တယ်။ အင်တာ နက်တွေဆိုတာလည်း ဒီလောက်မကျယ်ပြန့်သေးဘူး။ အခွေလေးတစ်ခွေရပြီဆိုရင် ကျွန်တော်တို့၊ ဂျေမီတို့၊ G.Tone တို့ တွေက ပြန်ပြီးတော့ အခွေကို shall လုပ်ပြီး နားထောင်ရတဲ့ အနေ အထားလေ။ အခုဆိုရင် City Mart သွားလိုက်တာနဲ့ Up to Date အခွေအကုန်လုံးကို ရှာလို့ရတယ်။ အဲဒီတော့ ကျွန် တော်တို့ တုန်းကနဲ့ဆိုရင် တအားကွာခြားသွားပြီ။ အခုအချိန် မှာ ကျွန်တော်လုပ်နေတာ မအောင်မြင်သေးပါဘူး။ ဒါပေမဲ့ အောက်သက်တော့အတတ်နိုင်ဆုံး ကျေထားတယ်။အောက် သက်ကျေမှုနဲ့အတူ ဒီအခွေကို အကောင်းဆုံးဖြစ် အောင်လုပ်မှာပါ” လို့ ဒုတိယခွေနဲ့ပတ်သက်ပြီး Ah boy က ပြောပါတယ်။အခွေကတစ်ဝက်နီးပါး လောက် ပြီးခါနီးနေပြီဖြစ်တဲ့အတွက် Audio ကို ဒီဇင် ဘာလောက်မှာ ထွက်ဖို့စီစဉ်ထားကြောင်း ဒုတိယအခွေမှာတော့ သူ့ရဲ့ဖြတ်သန်းမှုအကြောင်း ရေးထားတဲ့ သီချင်းတစ် ပုဒ်ပါဝင်မှာဖြစ်ပြီး အရင်နဲ့မတူ ပုံစံအသစ်နဲ့ရေးထားတဲ့ အချစ်သီချင်းတွေပါမှာဖြစ်ကြောင်း၊ သီချင်း အပုဒ်တိုင်း ကိုတော့ Up to Date  ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားကြောင်း သူ့ကို အားပေးတဲ့ ပရိသတ် က အများကြီး မရှိတောင်မှ လက်တစ်ဆုပ်စာရှိခဲ့ တယ်ဆိုရင်တောင် အဲဒီလက်တစ်ဆုပ်စာပရိသတ် ကို တာဝန်မကျေသလိုဖြစ်ခဲ့ကြောင်း အခုအချိန်မှာ တော့ အနုပညာအလုပ်တွေကို အားသွန်ခွန်စိုက် အကောင်းဆုံးဖြစ်အောင်ပြန်လည်ကြိုးစားနေကြောင်း Ah boy က ပြောပါတယ်။

Credit to Popular Journal

You Can Download AH BOY(တရုတ်တန်း) Here

No comments:

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..