About

မေးးး အကို့ရဲ့ Hip Hop music အပေါ်ထင်မြင်ချက်လေးအရင်ပြောပြပါဦး
ဖြေးး အင်း... အခုတလောအောင်မြင်တယ်လို့ ခံစားမိတာပေါ့..... ဘာလို့လဲဆိုတော့ VISITORS တွေ အများကြီးလာတယ်လေ တစ်ရက်ကို ရာကျော်လောက်ရှိတာကိုး.... မြန်မာ နိုင်ငံကဘလော့တစ်ခု အနေနဲ့ အောင်မြင်တယ်လို့ ပြောရမှာပေါ့.... Average Per Day 486 တောင်ရှိတာဆိုတော့လေ...။
မေးးး အကို ဒီ MHC ဆိုဒ်လေးကို ဘယ်လိုစိတ်ကူးမျိုးနဲ့ စလုပ်ဖြစ်လဲမသိဘူးဗျ
ဖြေးး ဘယ်လိုစိတ်ကူလဲဆိုတော့ ........ ဒီလိုပေါ့..... ကိုယ်ကလဲ hip hop သီချင်းတွေနားထောင်တာလေ တမျိုးပြောရရင် hip hop crazy ပေါ့လေ....။ hip hop crazy တစ်ယောက်အနေနဲ့ hip hop သီချင်းတွေကို လိုက်ရှာမိတာပေါ့ ဒါပေမယ့် မြန်မာ နိုင်ငံမှာ hip hop သီချင်း သီးသန့်site မရှိဘူးလေ ဒီတော့ ရှာရတာခက်တယ်.... အဲ့ဒီလို ဒုက္ခတွေကို ကျွန်တော်ကိုယ်တိုင် ခံစားလာမိတော့ သူများတွေအတွက် hip hop site သီးသန့်ရှိစေချင်တာပေါ့.... hip hop crazy တွေအတွက် hip hop သီချင်းတွေကို site အများကြီးမှာ ရှာစရာမလိုပဲ တစ်နေရာထဲမှာ ပဲ တစ်စုတစ်စီးထဲရှိနေစေချင်တာပေါ့လေ အဲ့ဒါကြောင့်လုပ်မိသွားတာပါ.......

မေးးး အဲ့လိုလုပ်တဲ့နေရာမှာ အကိုတွေ့ရတဲ့အခက်အခဲလေးတွေပြောပြပေးပါဦးဗျာ

ဖြေးး အများကြီးပဲ.... အဓိကကတော့ ၂ုရှိတယ် ၁ခုက ကော်နက်ရှင် နောက်တစ်ခုက ကျွန်တော့်မုန့်ဖိုးပေါ့ဗျာ... ကျွန်တော်က အင်တာနက်ဆိုင်ကသွားသုံးရတာဆိုတော့ ပိုက်ဆံလိုတယ်ဗျ ပြဿနာတွေကတော့ အများကြီးပေါ့ဗျာ သီချင်းတွေရှာတာတွေ ဘာတွေပေါ့
မေးးး အကိုဆိုဒ်ကိုစလုပ်တော့ ကိုယ်တိုင်ပဲ လုပ်လိုက်တာလား ဒါမှမဟုတ် သူများဆီက အကူအညီယူခဲ့ရသေးလား ဆိုလိုတာက သီချင်းအတွက် နည်းပညာပိုင်းအတွက် အဲ့လိုအစရှိတာတွေပေါ့
ဖြေးး အစတုန်းကတော့ သီချင်းကိစ္စ က တစ်ယောက်တည်းပဲ လုပ်တာ နည်းပညာပိုင်းတွေကတော့ တက်တဲ့လူတွေဆီကနေ မေးကြည့်တာပေါ့ နောက်ပြီး site တွေ သွားကြည့်ပြီးတော့ သင်ရတာပေါ့.... နောက်ပြီး မြင်ဆရာ သင်ဆရာတွေရှိတာပေါ့... သီချင်းကိစ္စကတော့ တစ်ယောက်တည်းပဲလုပ်ခဲ့ရတာပါ နောက်မှ လူသိများလာတော့မှ ကူညီတဲ့လူတွေရှိလာတာပေါ့.......
မေးးး ဟုတ်ကဲ့ ခုဆိုရင် အကို့ဆိုဒ်ထဲမှာ အက်ဒမင်(သို့) မော်ဒရေတာ ဘယ်နှယောက်ရှိလဲဗျ
ဖြေးးအခုလောလောဆယ်တော့ အက်ဒမင်က ၂ယောက်ရှိတယ် ကျွန်တော် (ROMANTICGHETTO) ပြီးတော့ DJ LYNN ကျွန်တော်ကတော့ သီချင်းကိစ္စ ကိုတာဝန်ယူတယ်....။ သူကတော့ ဆိုဒ်ရဲ့ design ပိုင်း ကို တာဝန်ယူတယ်....။ အရင်တုန်းကတော့ အက်ဒမင် ၅ယောက်လောက်ရှိတယ် သိပ်အဆင်မပြေတာနဲ့ ပြန်ဖြုတ်ချလိုက်တာပါ အခုတော့ အက်ဒမင် ၂ယောက်ပါ နောက်အဆင်ပြေတော့မှ အက်ဒမင် တွေတိုးဖို့ စဉ်းစားထားပါတယ် ....။ လူရှာတုန်းပါပဲ......။
မေးးးတကယ်လို့ အဲ့သည့် အက်ဒမင်ရာထူးအတွက်လျှောက်ချင်တယ်ဆိုရင် ဘယ်လို အရည်အချင်းမျိုးရှိ တဲ့လူကိုရွေးမယ်လို့ စိတ်ကူးထားလဲဗျ
ဖြေးး ဒါကကျတော့ ဒီလိုမျိုးဗျ.... အဓိကကတော့ HIP HOP CRAZY ဖြစ်ရမယ်ဗျာ....... ဒါပေမယ့် HIP HOP CRAZY ဖြစ်တာတစ်ခုထဲနဲ့တော့မရဘူး.... တကယ်တမ်း ဆိုဒ်ထဲမှာ သီချင်းတွေတင်ပေးချင်စိတ်ရှိရမယ် နောက်ပြီး နည်းပညာပိုင်းကျွမ်းကျင်တဲ့ လူတွေကို လဲ ရှာတုန်းပါပဲ.... ကျွန်တော် Blog နဲ့ပါတ်သတ်ရင် နည်းပညာပိုင်း ညံ့တယ်လေ.....။ အရင်တုန်းက အက်ဒမင်တွေလာလျှောက်တဲ့လူရှိတယ်ဗျ....။ သူတို့က အက်ဒမင် လုပ်ချင်တယ်ဆိုတာ ဘာမှမဟုတ်ဘူး နာမည်လိုချင်တာပဲရှိတယ် တကယ်တမ်းအလုပ်ကဘာမှ မလုပ်ဘူး.... သူတို့အလုပ်ပဲ သူတို့လုပ်တယ်.... ဆိုဒ်ကိုပစ်ထားကြတယ်..... ဆိုဒ်အပေါ်မှာ တကယ်လုပ်ချင်တဲ့ လူတွေကိုတော့ အက်ဒမင် ခန့်သွားမှာပါ.....
မေးးး ဟုတ်ကဲ့ခင်ဗျ.... ဒါကြောင့်အရင်ကအက်ဒမင်တွေကို ပြန်ဖြုတ်လိုက်တယ်ဆိုပါတော့
ဖြေးး အင်း ဒီလိုပဲပြောရမှာပေါ့ဗျာ........
မေးးး နောက်ပိုင်းဆိုဒ်နဲ့ပါတ်သတ်ပြီး ဘာအစီအစဉ်တွေများရှိသေးလဲမသိဘူးဗျ
ဖြေးးစိတ်ကူးထဲမှာတော့ အများကြီးပဲဗျ...။ လုပ်ချင်စိတ်ကသာ များနေတာ တကယ်တန်း သိပ် အကောင်အထည်မပေါ်နိုင်သေးဘူး domain တို့ဘာတို့ ၀ယ်ရမယ်.....။ အဲ့တာတွေပေါ့ဗျာ.........။ နောက်ပြီး HIP HOP သီချင်းတစ်ခုထဲမဟုတ်ဘူး HIP HOP နဲ့ပါတ်သတ်တတဲ့ ဟာတွေလဲတင်ချင်သေးတယ်.... ဥပမာပြောရရင် HIP HOP သီတင်းတို့ HIP HOP Gallary တို့ဘာတို့ပေါ့ ဒါကတော့ စဉ်းစားတုန်းပဲရှိပါသေးတယ်.........
မေးးး ဟုတ်ကဲ့... အကိုက အကို့ဆိုဒ်နဲ့ ပါတ်သတ်ပြီး ဘယ်လောက်အထိမျှော်လင့်ထားလဲဗျ....
ဖြေးး ဘယ်လောက်ထိမျော်မှန်းထားလဲဆိုတော့ ကျွန်တော် ဆိုက်ကိုစလုပ်တုန်းက ထားခဲ့တဲ့ စိတ်ကူးပုံစံမျိုးပေါ့ မြန်မာဟစ်ဟော့လောက အတွက်နေရာတစ်နေရာကနေ တတပ်တအားပါဝင်စေချင်တာပေါ့ ပြီးတော့ အွန်လိုင်းမှာ မြန်မာဟစ်ဟော့ သီချင်းများအတွက် သီးသန့်နေရာလေး တစ်ခုဖြစ်စေချင်ရုံပါ ဒီလောက်ပါပဲ ဖြစ်အောင်လဲ ကြိုးစားတုန်းပါပဲ
မေးးး ဒီလိုဆို အကို့ဆိုဒ်က social ဆန်သွားမယ်လို့မထင်မိဘူးလားဗျ
ဖြေးး အင်း ဟုတ်တယ်.... ဖိုရမ်လိုပုံစံမျိုးပေါ့ ကိုယ့်သီချင်းကိုယ်တိုင်တင်တော့ ပိုပြီး စိတ်တိုင်းကျစရာ ကောင်းတာပေါ့ အက်ဒမင်တွေအနေနဲ့လဲ တခြားဖက်မှာ ပိုပြီး တာဝန်ယူနိုင်တာပေါ့... သူတို့ သီချင်းတွေကို ကျွန်တော်တို့က တင်ပေးနေရတော့ သိပ်ပြီး စိတ်တိုင်းကျမဖြစ်နိုင်ဘူးလေ............
မေးးး ဟုတ်ကဲ့...... ဒါဆို အကြံတစ်ခုလောက်ပေးကြည့်မယ်ဗျ..... ခုလက်တလော လူသုံးများ နေတဲ့ .ning နဲ့ဆိုရင်ရော အကိုဘယ်လို သဘောရလဲဗျ
ဖြေးး အင်း ကောင်းတာပေါ့ဗျာ.... ဒါပေမယ့် .ning.com ကကျွန်တော်သိပ်သဘောမကျဘူးဗျ သူတို့က free ပေးတာမို့လို့လားတော့မသိဘူး..... blogspot.com လောက် features မစုံဘူးဗျ ပြီးတော့ သူတို့ chat တွေ ဘာတွေလဲပါနေတော့ အက်ဒမင်တွေ အများကြီးလိုလိမ့်မယ်.....။ တချို့လူတွေက ပေါက်တတ်ကရလုပ်တာတွေ ရှိတယ်လေ.... အဲ့ဒါတွေ နိုင်အောင် ထိန်းနိုင်မှရမယ်... .ning.com ကိုတောင်ပြောင်းဖို့ စိတ်ကူမရှိဘူးဗျ.......

မေးးး ဟုတ်ကဲ့ ကောင်းပါတယ်ဗျာ.... အကိုက UG HipHopper လိုပုံစံတူ ဖြစ်သွားရင်တော့ လူတွေသိပ် စိတ်မ၀င်စား တော့ဘူးပေါ့နော်..... ခုကျတော့ တမူထူးခြားနေတယ်လေ....

ဖြေးး အင်း ဒီလိုထူးခြားနေလို့လဲ နေနိုင်တာပေါ့ဗျာ ပြောရရင်ဗျာ သိပ်တော့ မကောင်းတတ်ဘူး... မြန်မာ ဟစ်ဟော့ဝဘ်ဆိုဒ်တွေထဲမှာ ကျွန်တော့်လောက် သီချင်းတွေ စုံစုံလင်လင် update လုပ်ပေးနိုင်တာမျိုးတော့ သိပ်မတွေ့မိဘူး... ကျွန်တော် ဖိုရမ်လို ပုံစံမျိုး ကူးဖို့စိတ်ကူးတာလဲ ဆိုတော့ သီချင်းတွေပဲအလေးပေးသွားမှာပါ.... တခြား ဟာတွေကိုနောက်မှ ဦးစားပေးအနေနဲ့ပေါ့....
မေးးး ဟုတ်ကဲ့ အခုလိုအကို့ရဲ့ စိတ်ကူးလေးတွေပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....... အကို့အနေနဲ့ အကို့ဆိုဒ်ကိုလာနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပါဦးဗျာ.......
ဖြေးး အင်း... ကျွန်တော်အရင်တုန်းက ဒီဆိုဒ်ကိုလုပ်ရတာ စိတ်ညစ်လို့ စိတ်ရှုပ်လို့ ပင်ပန်းလို့ ဆိုဒ်ကို ပိတ်မယ်လို့ စဉ်းစားခဲ့ဖူးတယ်ဗျ အဲ့သည့်တုန်းကလဲ အရမ်း stress များလာလို့ပါ အခုရောမရှိဘူးလားဆိုတော့ ရှိပါတယ်..... ဒါပေမယ့် ခံနိုင်ရည်ရှိသွားပြီ အခုတော့ ကျွန်တော့်ဆိုဒ်အပေါ်မှာ ဘယ်လောက်ပဲ stress တွေများလာပါစေ ဆိုဒ်ကိုဘယ်တော့မှ မပိတ်တော့ပါဘူး..... online ဆိုတာ ရှိနေသေးသရွေ့ တော့ ဒီဆိုဒ်လေးရှိနေမှာပါ ကျွန်တော်မရှိတော့ရင်လဲ နောက်ထပ် admin တစ်ယောက်ကို လွှဲထားခဲ့မှာပါ ဒီဆိုဒ်လေးက မြန်မာ ဟစ်ဟော့လောက အတွက် နေရာတစ်နေရာကနေပြီးတော့ရှိနေမှာပါ.... ရှိနေအောင်လဲကြိုးစားနေပါတယ်.....။
မေးးး အော်... ဒါနဲ့ အကို့ဆီကို ဆက်သွယ်ချင်တယ်ဆိုရင်ရော......
ဖြေးး mhc.hiphop@gmail.com ကိုဆက်သွယ်လို့ရပါတယ်....။ အဲ့သည့်မေးလ်ကို အကြံပေးချက်တွေရော ဆိုဒ်မှာ သီချင်းတင်ချင်တာတွေအတွက်ရော ဆက်သွယ်လို့ရပါတယ်....။
မေးးး ဟုတ်ကဲ့ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ MHC website ကြီးလဲ ဒီ့ထက်အောင်မြင်ပါစေဗျာ
Interviewed by လေတံခွန်





MHC ရဲ့အင်တာဗျူးအကြောင်းကို
လေတံခွန် မှာသွားရောက်ဖတ်ရှုနိုင်ပါသည်



မြန်မာဟစ်ဟော့လောကအတွက်တစ်ထောင့်
့တစ်နေရာမှာရှိနေမဲ့

--
Www.MmHipHopChannel.Com

0 comments: